သိတတ်ခါစ လူငယ်လေးက မေးနေသည်
"မြန်မာနိုင်ငံ ဘယ်ကတည်းက ရှိတာလဲ"
လူကြီးက ဖြေသည်
"ကမ္ဘာဦးကတည်းက"
(ဟုတ်ချင်မှ ဟုတ်ပေမည် လူကြီးက ခပ်တည်တည်ပင်)
ကလေးက ပြန်မေးသည်
"အသက်ရှည်တယ်နော်"
လူကြီး က ပြန်ဖြေသည်
"နာတာရှည်ရောဂါတွေတော့ ရှိတာပေါ့ လူလေးရယ်။သမားစုံတော့ ထုံနေပါပြီ"
ကလေးက ပြန်မေးသည်
"ဘာရောဂါတွေလည်း ဟင်"
လူကြီးက သက်ပြင်းချသည်...ဟင်း ... ဖြေရတော့မည် ...
"မြန်မာအတွင်းကလီစာထဲက လူဆိုတာတွေ မညီမညွတ်တဲ့ ရောဂါ"
ကလေးက ထပ်မေးသည် (တော်တော် သိချင်ပုံရသည်)
"ဘာလို့ မညီညွတ်ရတာလဲ အဲ့ဒါတွေ
က"
လူကြီးက ပြုံးသည် ... ဖြေးဖြေးချင်း ပြန်ဖြေသည်။
"မြန်မာနိုင်ငံကြီးကို အရမ်းချစ်ကြလို့ မညီညွတ် တာ လို့ ထင်ပါတယ် လူလေးရယ်"
ကလေးငယ် အံ့သြသွားသည် ... သူ သိချင်စရာမေးခွန်းထပ်တိုးလာသည်မ
"ဟာ ... ချစ်တယ်ဆိုရင် ဘာမှ ပြဿနာ ဖြစ်စရာမှ မရှိတာပဲ ဟာကိုး ဗျာ သေချာပြောပါ ဦးလေးရဲ့ တကယ် သိချင်လို့ပါ "
လူကြီးက သက်ပြင်းချရင်း ဖြေသည်မှာ
"ချစ်ပုံ ချစ်နည်း သဘောထားတွေ မတူကြလို့ ...တော့ ထင်တာပါပဲ ... မတူညီကြတော့ ..
တူညီတဲ့ သဘောထားတွေ တစ်စု တစ်စု နဲ့ အုပ်စုကွဲ ပြီး ပြဿနာဆိုတာ ဖြစ်ကုန်တာပဲ လို့ ထင်တာပါပဲ လူလေးရယ် "
ကလေးက ထပ်မေးသည်
"ခုကော"
လူကြီး မျက်စိမှိတ်လိုက်သည် ... မျက်စိမှိတ်လျက်ဖြေသည်....
"တူညီတဲ့ ချစ်ခြင်းတွေ ဘုံထုတ်ပြီး ဆေးဝါး ဖော်စပ် ကုသနေကြတယ်။ အခြေအနေ ကောင်းမယ်လို့ မျှော်လင့်ချင် လည်း မျှော်လင့်ခွင့်ရှိလာတဲ့ အနေအထား တော့ စနေပြီ လူလေး"
ကလေးငယ် မျက်လုံး မှိတ်လိုက်သည် ....ပြီးနောက်
"နေပြန်ကောင်းလာပါစေ ..။"
30.7.2013 Mg Arkar
No comments:
Post a Comment