“ကြယ်ဖြူရှိလား …ကြယ်ဖြူ…“
“ရှိပါတယ်….ညောင်ကိုင်းပါ…“
ထို့နောက် ရာမကြီး၏ အမိန့်ပေးသံ ကြားလိုက်ရသည်။
“ ကြယ်ဖြူ …ငါ့ဆီကို လာပြီး ၄၃ လုပ်ပါ…“ “ ရထား ၉၆ ပါ..“
ရာမကြီးထံ သွားတွေ့ရာ “ ဒီနေရာကို ဒီအချိန်မှာ လူအင်းအား ဘယ်လောက်နဲ့ ကြယ်ဖြူဦးစီးပြီး နယ်မြေရှင်းလင်းရေးသွား…“
“ဟုတ်ကဲ့“
တစ်ခွန်းထဲသော စကားပြောပြီး ပြန်လာခဲ့သည်။
ကြယ်ဖြူအနေဖြင့် တပ်ခွဲသို့ ပြန်လာပြီး တပ်ခွဲမှ တပ်စုမှူး၊ တပ်ခွဲ တကက ၊
တပ်စု တက တို့အားခေါ်ကာ တိုင်ပင် ဆွေးနွေးမှာကြားပြီး ၊ နောက်ချန်လူတွေက
ဘယ်သူတွေ လိုက်လာရမယ့်သူတွေက ဘယ်သူတွေ ခွဲပြီး၊ လိုက်ပါမည့် ရဲဘော်များကို
မှာတမ်းခြွေကာ ပွိုင့် ဘယ်သူ ၊ မိုင်းရှာစက် ဘယ်သူကိုင်နဲ့ ကိုယ်စီတာဝန်
များပေးကာ စတင်လှုပ်ရှားမှုပြုရန်… အသင့်အနေအထားဖြင့်
စောင့်စိုင်းနေခဲ့သည်။
တပ်စခန်းတွင် ကျန်ခဲ့မည့် တပ်စုမှူးနှင့် ရဲဘော်များအား လုံခြုံရေးနှင့် အုပ်ချုပ်မှုကိစ္စများ မှာကြားနေစဉ် …
“ ကြယ်ဖြူ…ကြယ်ဖြူ…” ခေါ်သံကြားသဖြင့် “ညောင်ကိုင်းပါ” ပြောလိုက်သည်။
“ လှုပ်ရှားမှု မလုပ်ပါနဲ့ဦး ခဏစောင့်ပါ”
“ရထား ၉၆ ပါ”
တပ်ခွဲရှိ အရာရှိစစ်သည်များကို အာလပ သလာပပြောကြား ရှေးဟောင်းပုံတို
ပတ်စများ၊ ဟာသများပြောရင်း အမိန့်နဲ့ ညွန်ကြားချက်အကြောင်း
နားလည်သဘောပေါက်အောင် ချစ်ချစ်ခင်ခင် နောက်ပြောင်နေကြသည်။
ထိုအချိန်မှာဘဲ….
“ကြယ်ဖြူ ” အဆင်သင့် ဖြစ်ရင် ပြောထားသည့်အတိုင်း ဆက်လုပ်ရန် အမိန့်ပေးလာခဲ့၏။
ထုံးစံအတိုင်း ဟိုရဲဘော်…ဟိုဟာလုပ် ပွိုင့်သေချာသွား သေချာမိုင်းရှာ အမိန့်သံ ခက်ပြက်ပြက်နဲ့ အမိန့်ပေးလိုက်သည်။
ကြယ်ဖြူအနေဖြင့် နယ်မြေရှင်းလင်းရေး လှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ
ငါးမိုင်ခန့် လမ်းလျှောက်နေစဉ် မိုင်းရှာစက် အော်သံကြားလိုက်ရတော့သည်။
“ ကြယ်ဖြူ …ကြယ်ဖြူ…”
“ ပုလဲ” (ပြောပါ)
“မာလာ” မှို ထင်တယ်… အေး “ ရထား”
လုံခြုံရေး အထူးဂရုစိုက်ပြီး ပွိုင့်သေချာ ကြည့်ထား မိုင်းကို ဖော်ဖို့ အမိန့်ပေးလိုက်သည်။
ကြယ်ဖြူအနေဖြင့် အနီးကပ်ကြီးကြပ်နိုင်ရန် မိုင်းရှိရာသို့ ကျော်တက်ပြီး
သွားရောက်ကြည့်ရှု့ခဲ့ရာ မိုင်းတူးဖော်ရရှိခဲ့သည်။ မိုင်းကိုကြည့်လိုက်တော့
ဝါးနဲ့ လုပ်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးဖြစ်သည်။
ထပ်မံပြီး ခရီးဆက်လက်ထွက်ခွာ ခဲ့ရာ “ကြယ်ဖြူ…ကြယ်ဖြူ” ခေါ်လာပြန်သည်…
“ပုလဲပါ”
ထူးခြားမှုတော့ ရှိနေပြီဆိုတာ စဉ်းစားရင်း ဆက်ပြောမယ့် စကားကို စောင့်နေရင်း…
“နောက်ထပ် မာလာ (မှို ) တစ်လုံး ထင်တယ် ”
“ အေး…အေး..”
“ ငါ့တပြည့်တွေ တော်တော်ကို တော်တယ်ကွာ ပွိုင့်တပ်စိတ်အပါအဝင်
မိုင်းရှာစက် ကိုင်တဲ့ တပ်ကြပ်ကိုပါ ဆုချမယ်ကွာ” ဆိုပြီး
အားလုံးသိအောင်ပြောလိုက်တော့သည်။
မိုင်းအား တူးဖော်ရာ မိုင်းတစ်လုံး ထပ်မံရှိခဲ့သဖြင့် စုစုပေါင်း
မိုင်းနှစ်လုံး တူးဖော်ရှိကြောင်း ရာမကြီး (ရင်းမှူး) ထံ
သတင်းပို့လိုက်သည်။
“ ရထားပါ…” ဟု ပြောသောအသံမှာကို အားရကျေနပ်ပိတိသံဖြင့် ပြောနေသည့် ရာမကြီး၏ ဂုဏ်ယူမှုကို ကျွန်တော်ကိုယ်တိုင် ကျေနပ်နေမိတော့သည်။
နောက်ဆုံးရည်မှန်းချက်ကို မရောက်သေးသဖြင့် ဆက်လက် လှုပ်ရှား ခရီးထွက်ခွာခဲ့သည်။
တီ…တီ….တီ…တူ…
မိုင်းရှာစက်ရဲ့ အော်မြည်သံ ထပ်မံထွက်ပေါ်လာပြန်သည်…။ ကြယ်ဖြူစိတ်ထဲတွင်
ပေါလိုက်တဲ့မိုင်း နည်းနည်းတော့ ခြောက်လှန့်စိတ်တွေ
ဝင်လာမိပြီး…မိုင်းရှာစက်များ ပျက်ခဲ့ရင်တော့ ဒုက္ခပဲတွေးရင်း
အသံမြည်နေတဲ့နေရာကို တူးဖော်လိုက်တော့ဟု အမိန့်ပေးလိုက်သည်။
မိုင်းရှာတဲ့ ရဲဘော်မှ တူးဖော်ရှာဖွေလိုက်ရာ ဒီတခါတော့ မိုင်းမဟုတ်ပဲ ကျည်ခွံဖြစ်နေတော့သည်။
“အမလေးကွာ ” တော်သေးတာပေါ့ဟု ဘေးမှ ကြယ်ဖြူ တပြည့်ကျော် ရဲဘော်မှ ရေရွတ်လိုက်တဲ့ အသံ ကြားလိုက်ရသည်။
ကြယ်ဖြူကတော့ ပြုံးပြနိုင်ခဲ့သော်လည်း စိတ်ထဲမှာတော့ ဒါကမကောင်းဘူး
မိုင်းရှာတာ ကျည်ခွံတွေ့တယ်ဆိုတော့ မိုင်းရှာတဲ့ ရဲဘော်ထင်ရောင် ထင်မှားနဲ့
ကျည်ခွံလည်း ဖြစ်နိုင်တယ် မိုင်းလည်း ဖြစ်နိုင်တယ် အတွေးတွေ ဝင်လာပြီး
ပေါ့ဆမှုတွေ ဖြစ်လာနိုင်တယ်…ကွာ…မိုင်းရှာစက်ဆိုတာကလည်း ရွှေ၊ သတ္တု နဲ့ ဆက်စပ်ပစ္စည်းရှာဖွေရေးစက်လို့ တွေးနေရင်း
“ ဂရုစိုက်ကြကွာ” “ဂရုစိုက်ကြကွာ” ထပ်တလဲလဲပြောရင်း ဆက်လက် ခရီးထွက်ခွာခဲ့သည်။
ကြယ်ဖြူတို့ တပ်ခွဲ ခရီးနှင် ထွက်ခွာရာလမ်းတလျှောက် တတီ..တီ
အော်သံတွေကိုသာ နားထဲကြားရောင်ရင်း ထပ်မံမြည်နေသည့် နေရာတွေကို
တူးဖော်ခြင်းမပြုတော့ဘဲ သစ်ရွက်များသာ အုပ်ထားရန် အမိန့်ပေးကာ
သစ်ရွက်အုပ်ထားသည့်နေရာများကို ကျော်ခွပြီး ခရီးထွက်ခွာခဲ့ကြလေတော့သည်။
ကြယ်ဖြူတို့ တပ်ရင်းရဲ့ အမင်္ဂလာအချိန်ကတော့ ၁၂း၃၀ နာရီမှ ၁၃း၃၀ နာရီ
ဖြစ်တဲ့အတွက် ဒီအချိန်တွေတော့ ကျော်လာခဲ့ပြီဟု လက်ကနာရီကို
ကြည့်နေမိလိုက်သည်။
ရည်မှန်းချက်ပန်းတိုင်ရောက်ခါနီးလေ သတိထားလေ ဆိုသလိုဘဲ ပေါ့ဆမှုမရှိစေရေး ၊ လုံခြုံရေး ဘေး ဘယ် ညာ သေချာ ဂရုစိုက်ရန် မှာကြားရင်း …..
“ အုန်း… ဂျိမ်း…ကလုန်း ”
အဲ့မှာစတွေ့တော့တာဘဲဗျာ…….
နှစ်ပေလောက်မြောက်ပြီး ခြောက်ပေလောက် လွင့်စင်ကျသွားသည်…။
“ မာလာ ” ဆိုတဲ့ မိုင်းနဲ့ တည့်တည့်တိုးတော့တာဘဲ….။
မိုင်းနင်းစက နာတာတွေ ဘာတွေ မရှိသေးသဖြင့် လက်နက်ကြီးကျတယ်မှတ်ပြီး
သေနပ်ကို စေ့ဖွင့်ပြီး နေရာယူလိုက်သေးသည်။နောက်မှ ကြည့်လိုက်တော့ ဝတ်ထားတဲ့
ဘောင်းဘီက ကပ်ကြေးနဲ့ ထိုးခွဲထားသလို ကြယ်ဖြူရဲ့
ဘယ်ဘက်ခြေခြင်းဝတ်မရှိတော့။
မှိုစားသူ(မိုင်းနင်းသူ) မှာ ကြယ်ဖြူကိုယ်တိုင် ဖြစ်လေတော့သည်…
အားလုံးကြောင်နေပြီး
သိတတ်ခါစ လူငယ်လေးက မေးနေသည်
"မြန်မာနိုင်ငံ ဘယ်ကတည်းက ရှိတာလဲ"
လူကြီးက ဖြေသည်
"ကမ္ဘာဦးကတည်းက"
(ဟုတ်ချင်မှ ဟုတ်ပေမည် လူကြီးက ခပ်တည်တည်ပင်)
ကလေးက ပြန်မေးသည်
"အသက်ရှည်တယ်နော်"
လူကြီး က ပြန်ဖြေသည်
"နာတာရှည်ရောဂါတွေတော့ ရှိတာပေါ့ လူလေးရယ်။သမားစုံတော့ ထုံနေပါပြီ"
ကလေးက ပြန်မေးသည်
"ဘာရောဂါတွေလည်း ဟင်"
လူကြီးက သက်ပြင်းချသည်...ဟင်း ... ဖြေရတော့မည် ...
"မြန်မာအတွင်းကလီစာထဲက လူဆိုတာတွေ မညီမညွတ်တဲ့ ရောဂါ"
ကလေးက ထပ်မေးသည် (တော်တော် သိချင်ပုံရသည်)
"ဘာလို့ မညီညွတ်ရတာလဲ အဲ့ဒါတွေ
ကျွန်တော့်နောင်တော်တစ်ဦးမျှဝေပေးလို့
ကြက်ဥပုတ်တစ်လုံးကြောင့် တွေးခေါ်မှုတွေပြောင်းလဲ သွားသူတစ်ယောက်အကြောင်း
ဖတ်ခွင့်ရလိုက်တယ်။ ဥာဏ်အလင်းပွင့်သွားတဲ့သဘော။ ၀မ်းမြောက်မိပါတယ်။
ဒီလိုသာမန် အကြောင်းအရာလေးတစ်ခုကို သင်ခန်းစာယူ ပြုပြင်နိုင်တယ် ဆိုတာလည်း
ပါရမီအခံကြောင့်လို့ ယူဆမိပါတယ်။ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းထဲမှာ
ယူစရာ သင်ခန်းစာတွေ အများကြီးရှိနေလျက်နဲ့၊ ကြုံတွေ့ကြရလျက်နဲ့
မေ့မေ့ပျောက်ပျောက် သတိ ကင်းလွတ်နေတတ်ကြတဲ့ သဘာဝက ကြီးစိုးနေပါတယ်။
ဒါကြောင့်လည်း လူကောင်းလူတော်၊ လူတော်လူမကောင်း၊ လူမတော်လူကောင်း၊
မတော်မကောင်းတွေအဖြစ် ကွဲပြားနေကြတာပါ။
အဆိုပါ
အကြောင်းအရာလေးကို ဖတ်ရှုခွင့်သိရှိရတဲ့အခိုက် လွန်ခဲ့တဲ့
(၁၀)နှစ်ကျော်ဝန်းကျင် လောက်က ကျွန်တော့်ဖခင်ကြီး
ကျွန်တော့်ထံရေးပို့တဲ့စာမှာပါတဲ့ ထောက်ပြချက်လေးကို သတိရမိသွားပါတယ်။
"သားရေ မင်းတို့လူငယ်တွေကြိုးစားပါကွာ၊ ဒို့ဘ၀တွေက ထုံးစိမ်ပြီးသားဘဲဥတွေပါ။ ဘယ်ကြက်မ ရင်ခွင်အောက်ရောက်ရောက် အကောင်မပေါက်တော့ပါဘူး" တဲ့။
အားပေးစကား၊ မိမိရဲ့ ဘ၀တိုးတက်နှုန်းလျော့ကျနေပေမယ့် ချစ်သောသားအပေါ်
အရှိန်အဟုန် မြှင့်တင်စေလိုတဲ့သဘော၊ ခေတ်တစ်ခေတ်ကနေ နောက်တစ်ခေတ်ကို
လက်ဆင့်ကမ်းခြင်း၊ မိမိ ကိုယ်ကို တွက်ချက်ပြီး
မနေ့က မနက်က စစ်တက္ကသိုလ်တစ်ပတ်စဉ်ထဲ တက်လာတဲ့ သူငယ်ချင်းရဲ့ ညီငယ် ဆေးရုံတက်နေတဲ့ တာ လူနာစောင့် သူ့မိဘတွေ အတွက် လိုအပ်တဲ့ ရေနွေး ဓါတ်ဘူးသွားပေးရင်ပြန်အလာ
သားတော်မောင်ဖိုးပြည့်တို့ ပြန်ရောက်ပြီဆိုတော့ နေပြည်တော် ရေပူစမ်းဆိုတာကို သွားဖို့ ပြောထားတဲ့
ကိုကိုကိုမောင်နဲ့ အစ်မကအိမ်ရှေ့ မှာရောက်နေပြီ။
ကိုမျိုးမြင့်သိန်းတို့ မိသားစုလည်းပါတယ်။
သွားချင်သူက SEA Games ပိတ်ပွဲတုန်းက တီဗွီမှာ ခဏခဏ ပါတဲ့ ကိုအာကာအောင်။
ကိုမျိုးမြင့်သိန်း တို့ မိသားစုလည်း ပါတယ်ဆိုတော့ ... သေချာပြီ ကလေးက သုံးယောက်နဲ့
မောင်အာကာ နဲ့ တည့်တည့်တိုးပြီ။ သားတော်မောင်ကလည်း အဖိုးအဖွားဆီက ပြန်လာခါစဆို
တော့ စွာတေးလန်နေတယ်။ မမယွန်းကလည်း အသံမာမာတောင် ပြောလို့ မရ။ ချိုသာမှ။
မောင်ဘုန်းပြည့်လေးက သူ့မေမေမှ သူ့မေမေ။ကဲ လူများတော့ မောင်အာကာ နောက်ဖုံးက
လိုက်မယ်ဆိုပြီး နောက်ဖုံးဖွင့်ကာထိုင်တော့ ... ကလေး သုံးယောက်စလုံးက မောင်အာကာနဲ့
အတူတူ ထိုင်မတဲ့။ ကဲ စပါပြီ ဗျာ။ နောက်ဖုံးထဲမှာ ကလေးများနဲ့ ကျွန်တော်
... ရှေ့ က အစ်ကိုကြီးအစ်မကြီးများလည်း ကလေးတွေဆို ဒီမောင်နဲ့ ဆို
စိတ်ချပြီးသား။
စထွက်ခဲ့အဲ့ဒီ ခရီးလေးတစ်ခုကနေ တွေ့ခဲ့တာလေးတစ်ခုကိုပဲ
ပြောပြပါရစေ။
နီးမယ်မှတ်တဲ့ ခရီးက ရှည်လိုက်သမှဗျာ။ ခရီးရှည် တစ်ခု သွားတော့
လမ်းမှာခဏနားစဉ် အဲ့ဒီ ပဒူအုံ(အိမ်)ကိုတွေ့ပါတယ်။ စနစ်တကျ ဆောက်လုပ်ထားတဲ့
အသိုက်အအုံက ကွန်ဒိုတိုက်ခန်းတွေထက် သာနေသလားလို့ တွေးထင်မိပါတယ်။


အထပ် တစ်ဆယ့်သုံးထပ်ရှိပြီး တစ်ထပ်နဲ့ တစ်ထပ်ကြားက ဒေါက်တိုင်တွေကလည်း ခိုင်ခံ့နေပါ
သေးတယ်။သက်တမ်းအားဖြင့် မည်မျှကြာသည်ကို မသိပေမယ့် အဲ့ဒီ ပဒူအုံ ကို လက်ရှိပိုင်ဆိုင်
ထားသူထံမေးမြန်းစပ်စုကြည့် တဲ့ အခါ ...
ကျွန်တော်တို့ တက္ကသိုလ်တက်စဉ်က မြန်မာစာကို ဆရာမကြီး
ဒေါ်မြင့်မြင့်ရီသင်တယ်။ ဆရာဦးမင်းနိုင်သင်တယ်။ အင်မတန်အသင်အပြကောင်းတဲ့
ဆရာများထံပါး ပညာသင်ကြားခွင့်ရခဲ့ တာကို အမြဲဂုဏ်ယူနေမိပါတယ်။
ထူးတာကတော့ ဆရာမကြီး ဒေါ်မြင့်မြင့်ရီက "ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ၊
အမောပြေအောင် တိုက်ပါ့မမ" ဆိုတဲ့ကဗျာလေးကို နှစ်တိုင်းသင်ပေးတယ်။
ဟိုစဉ်ကျောင်းသားဘ၀မှာတုန်းကတော့ ဖတ်ကောင်း၊ ရွတ်ကောင်းတဲ့၊ ကျေးလက်အနံ့၊ စည်းလုံးမှုလေးတွေပါတဲ့၊ ရင်ကိုငြိမ့်ငြိမ့်လေးခံစားနိုင်စေတဲ့ ကဗျာလေးတစ်ပုဒ်အဖြစ်သာ မှတ်ယူခဲ့မိပါတယ်။ ဆရာမကြီးကလည်း သင်ကြားပေးရခြင်းရဲ့ အဓိပါယ်ကိုလည်း ပြောပြခဲ့ဘူးပါတယ်။
ဒါပေမယ့် ဒို့ဆရာမကြီးက ဘာဖြစ်လို့များ ဒီကဗျာကို
လေးနှစ်လုံးသင်ပေးရတာလည်းလို့ မကြာ ခဏ စဉ်းစားကြည့်မိတယ်။ စဉ်းစားမှုကလည်း
ခဏရယ်ပါ။ နောက်တော့လည်း မေ့မေ့ ပျောက်ပျောက်ထားမိပြန်ရော။ အဲသတိရပြန်တော့
ပြန်စဉ်းစားမိပြန်ရော။
နောက်ပိုင်းစာတိုပေစလေးတွေရေးတော့
ဆရာမကြီးရဲ့ ကဗျာလေးကိုပြေးမြင်တယ်။ ဆရာမကြီးရဲ့ စကားတွေ ကြားယောင်တယ်။
ဖန်ပြာခွက်လို ခိုင်မာတဲ့ကျောရိုးထဲကို ကျောက်စက်ရေလို
အေးမြတဲ့အနှစ်သာရတွေထည့်လိုက်ရင်
တစ်ဘက်သားရင်ကိုအေးမြစေမယ့် စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ဖြစ်စေနိုင်တယ်။
ဒီလိုလေး အတွေးအမြင်နဲ့ ရေးလာခဲ့မိတယ်။ စာလုံးပေါင်းနဲ့ သတ်ပုံ၊
ရေးထုံးနည်းနာတွေကို အလေးထား လေးစားလာတယ်။ တစ်ခါတစ်ရံ ရေးရမှာတောင်
ကြောက်ကြောက်လာတယ်။ နောက်တော့လည်း သတ်မှတ်စည်းဘောင်တွေကို
တတ်နိုင်သလောက်လေးသာပဲ လိုက်နာလာမိတယ်။ ကိုယ်က ၀ါသနာရှင်အဆင့်လောက်တောင်မှ
တန်းဝင်တာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားလိုက်တယ်။ အဓိက
ဂရုထားတာကတော့ ကိုယ့်စာတွေဟာ အဆိပ်တွေ ကင်းစေဖို့ပါပဲ။
ဖန်ပြာခွက်နဲ့ကျောက်စက်ရေကို ခံစားမိတာက ဒီမှာတင်မရပ်တော့ဘူး။
လုပ်ငန်းနယ်ပယ်ကိုပါ ချဲ့ထွင်ဝင်ရောက် ခံစားလာတယ်။ နိုင်ငံအတွက်၊
ပြည်သူအတွက်အလုပ်လုပ်တဲ့နေရာမှာ စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာမှုစတဲ့ တစ်ဦးချင်းစီရဲ့ ခံယူချက်တွေကောင်းဖို့လိုပါတယ်။
ဒါက တည်ကြည်တဲ့ဖန်ပြာခွက်။ ဒီဖန်ပြာခွက်ထဲကို
တစ်နေ့ သော တနင်္ဂနွေနေ့ ရဲ့ မနက်ခင်းလေးမှာ အမြဲသွားနေကျဖြစ်တဲ့ “ဓာတုစယ
ဓာတ်ပေါင်းစု” စေတီတော်မြတ်ဆိ သွားပြီး အပတ်စဉ် ဘုရားပန်းလဲလှယ်ခြင်း
ကိစ္စရပ်အားပြုလုပ်ပြီး ပြန်လာခဲ့ တယ်။ ပြီးနောက် ညီငယ်တစ်ယောက်ရဲ့ 
မင်္ဂလာဆောင် ဖိတ်ထားသဖြင့် တက်ရောက်အားပေးခဲ့ ပါသေးတယ်။ အဲဒိကမှတစ်ဆင့် 
စာရေးသူတို့  အမှတ်စဉ်က ဦးစီးပြီး ဆောက်လုပ်နေသော သိမ်အဆောက်အအုံ အား
ပြီးစီးမှုအား သွားရောက်ကြည့်ရှု ရန် တာဝန်ယူထားသဖြင့် စာရေးသူ၏ သူငယ်ချင်းကားဖြင့် ဘုန်းကြီးကျောင်းသို့  မောင်းထွက်လာတော့ လေသည်။
စာရေးသူကားပေါ်တွင်လိုက်ပါစဉ် ပြည်တွင်း အသံလွှင့်ဌာနတစ်ခုမှ ဆောင်းပါးရှင် တစ်ယောက်၏ စာမူကိုဖတ်၍ အသံလွှင့်နေသည့်အချိန်ဖြစ်သည်။
ဆောင်းပါးရှင် ၏ခေါင်းစဉ် တွင်ဇာတ်ကောင်ဖြစ်သော ကိုမိုးကြီးဆိုသူသည်
ပိုလီယိုရောဂါသည် တစ်ယောက်ဖြစ်လေသည်။ ၄င်းတို့ ရပ်ကွက်အတွင်းရှိ
ဘုရားပွဲတွင်ဇတ်တစ်ခုအား ငှားထားလေသည်။၎င်းဇာတ်သည်ယနေ့ 
ညတွင်ကပြမည်ဖြစ်သဖြင့် ကိုမိုးကြီးသည် ရှေ့ ဆုံးတန်းမှ အားပေးနိုင်ရေးအတွက် သူ၏ညီလေးအကုအညီဖြင့် ပွဲခင်းရှိရာကိုစောစောစီးစီး လာရောက်နေရာယူထားရသည်။ဇတ်က
လည်းလူရွှင်တော်က အစ မင်းသားမင်းသမိးများသည် နာမည်ကြီး များဖြစ်သဖြင့် ပရိတ်သတ်တို့ 
မှာ ကြိတ်ကြိတ်တိုးလျှက်ရှိသည်။ ဇာတ်မင်းသမီး၏ ဖျော်ဖြေမှုအပြီးတွင် လူရွှင်တောင်များ ပြက်လုံး
ထုတ်ကြလေသည်။စင့်မြင်ထက်မှ လူရွှင်တော်များသည် မသန်မစွမ်းပုံသဏ္ဍာန်ဖြင့်
ပရိတ်သတ်များ အား ဖျော်ဖြေတင်ဆက်နေချိန်တွင် ကိုမိုး ကြီး မျက်ရည်တွေ
ဝဲတက်လာသည်။
ထို့ နောက် ပွဲခင်းထဲမှာ ချက်ခြင်းပြန်ထွက်သွားတော့သည်။ နောက်နောင်တွင်လည်း ကပွဲ ပြဇတ်
စသည် တို့ ကို အားပေးကြည့်ရှုခြင်းလည်း မရှိတော့ကြောင်းစာရေးသူ၏ အာဘော်ကို
ကောင်းကောင်းဖတ်ပြနေလေသည်။ လူရွှင်တော်ဆိုသည်မှာလည်း ပရိတ်သတ်များအား
ဖျော်ဖြေရသည်ဖြစ်သဖြင့် မသန်းစွမ်းတို့ ၏ ဘ၀ကိုသေချာနားမလည်ပဲ
ပြက်လုံး
(၁)
"မင်းကြီးများ"
"ဖျား"
"ငါ့ နန်းတော်တိုင် ပတ်ချာလည် ထုံးတွေ နဲ့ ဘယ်သူသုတ်သနည်း"
"ဘုန်းတော်ကြောင့် စုံစမ်းပါ့မည် ဖျား"
"အိမ်း ပြီးခဲ့တာ ရှိစေတော့ ကော်ပတ်စား သစ်စေးကိုင် ရွှေပိန်းပြန်ချ မှတ်ထားကြ
ထုံးသုတ်သူ လက် ငါကိုယ်တိုင် ဖြတ်ပစ်မည် ...အမိန့်တော် ...."
"သင့်မြတ်လှကြောင်းပါ ဖျား"
ဒန့်တန့်တန် ...
ကာလတွေ ရွေ့လျား မိုးကျ ၊ ဆောင်းကျ ၊နွေရောက်ပြန်တော့
ညီလာခံမှ ပြန်အထွက် ... လမ်းခုလတ်
"ဟယ် ... ခံတွင်းချဉ် သကွဲ့ ကွမ်း အစ် ဆက် ချေ "
"ယာ ပါ မည် ဖျား"
"တော်ချေ ကိုယ့်ဘာသာ ကိုယ် ယာချေမည်"
ကွမ်းရွက်ထုတ် သျှားဆေးသုတ် ထုံးသုတ် ကွမ်းသီးထဲ ဆေးရွက်ကြီး ပါးပါး ဖြူး ...
ပေးသောလက်ကို .... နီးရာ ကောက်သုတ် ရှလွဒ် ရှလွဒ်
နောက်တစ်နေ့
"မင်းကြီးများ"
"ဖျား"
"ငါ့ နန်းတော်တိုင် ထုံးတွေ နဲ့ ဘယ်သူသုတ်သနည်း"
"ဘုန်းတော်ကြောင့် စုံစမ်းပါ့မည် ဖျား"
"တယ် ... ခုလျှောက်ချေစမ်း"
"မ၀ံ့ကြောင်းပါ ဖျား "
" အလို အသူနည်း "