Monday, May 26, 2014

ကျွန်တော်တို့ သည် ဟာသ လုပ်စရာမဟုတ်ပါ

တစ်နေ့ သော တနင်္ဂနွေနေ့ ရဲ့ မနက်ခင်းလေးမှာ အမြဲသွားနေကျဖြစ်တဲ့ “ဓာတုစယ ဓာတ်ပေါင်းစု” စေတီတော်မြတ်ဆိ သွားပြီး အပတ်စဉ် ဘုရားပန်းလဲလှယ်ခြင်း ကိစ္စရပ်အားပြုလုပ်ပြီး ပြန်လာခဲ့ တယ်။ ပြီးနောက် ညီငယ်တစ်ယောက်ရဲ့  မင်္ဂလာဆောင် ဖိတ်ထားသဖြင့် တက်ရောက်အားပေးခဲ့ ပါသေးတယ်။ အဲဒိကမှတစ်ဆင့်  စာရေးသူတို့  အမှတ်စဉ်က ဦးစီးပြီး ဆောက်လုပ်နေသော သိမ်အဆောက်အအုံ အား ပြီးစီးမှုအား သွားရောက်ကြည့်ရှု ရန် တာဝန်ယူထားသဖြင့် စာရေးသူ၏ သူငယ်ချင်းကားဖြင့် ဘုန်းကြီးကျောင်းသို့  မောင်းထွက်လာတော့ လေသည်။

စာရေးသူကားပေါ်တွင်လိုက်ပါစဉ် ပြည်တွင်း အသံလွှင့်ဌာနတစ်ခုမှ ဆောင်းပါးရှင် တစ်ယောက်၏ စာမူကိုဖတ်၍ အသံလွှင့်နေသည့်အချိန်ဖြစ်သည်။ ဆောင်းပါးရှင် ၏ခေါင်းစဉ် တွင်ဇာတ်ကောင်ဖြစ်သော ကိုမိုးကြီးဆိုသူသည် ပိုလီယိုရောဂါသည် တစ်ယောက်ဖြစ်လေသည်။ ၄င်းတို့ ရပ်ကွက်အတွင်းရှိ ဘုရားပွဲတွင်ဇတ်တစ်ခုအား ငှားထားလေသည်။၎င်းဇာတ်သည်ယနေ့ 
ညတွင်ကပြမည်ဖြစ်သဖြင့် ကိုမိုးကြီးသည် ရှေ့ ဆုံးတန်းမှ အားပေးနိုင်ရေးအတွက် သူ၏ညီလေးအကုအညီဖြင့် ပွဲခင်းရှိရာကိုစောစောစီးစီး လာရောက်နေရာယူထားရသည်။ဇတ်က
လည်းလူရွှင်တော်က အစ မင်းသားမင်းသမိးများသည် နာမည်ကြီး များဖြစ်သဖြင့် ပရိတ်သတ်တို့ 
မှာ ကြိတ်ကြိတ်တိုးလျှက်ရှိသည်။ ဇာတ်မင်းသမီး၏ ဖျော်ဖြေမှုအပြီးတွင် လူရွှင်တောင်များ ပြက်လုံး
ထုတ်ကြလေသည်။စင့်မြင်ထက်မှ လူရွှင်တော်များသည် မသန်မစွမ်းပုံသဏ္ဍာန်ဖြင့် ပရိတ်သတ်များ အား ဖျော်ဖြေတင်ဆက်နေချိန်တွင် ကိုမိုး ကြီး မျက်ရည်တွေ ၀ဲတက်လာသည်။
ထို့ နောက် ပွဲခင်းထဲမှာ ချက်ခြင်းပြန်ထွက်သွားတော့သည်။ နောက်နောင်တွင်လည်း ကပွဲ ပြဇတ်
စသည် တို့ ကို အားပေးကြည့်ရှုခြင်းလည်း မရှိတော့ကြောင်းစာရေးသူ၏ အာဘော်ကို ကောင်းကောင်းဖတ်ပြနေလေသည်။ လူရွှင်တော်ဆိုသည်မှာလည်း ပရိတ်သတ်များအား ဖျော်ဖြေရသည်ဖြစ်သဖြင့် မသန်းစွမ်းတို့ ၏ ဘ၀ကိုသေချာနားမလည်ပဲ ပြက်လုံး

တစ်ခုဖြစ်ရန် သာအဓိကစဉ်းစားကြလေသည်။ ဟာသတစ်ခုပြီးမြှောက်သွားသော်လည်းမိမိ လုပ်ခဲ့ သည် ဟာသသည် မည်သူတို့ ကို စိတ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာထိခိုက်နစ်နာမှုရှိ မရှိကို စဉ်းစားခြင်းမရှိပဲ ရယ်မောရပြီးရော ဆိုပြီး ပြက်လုံးဖန်တီးကြလေသည်။ ၄င်းတို့ ပြက်လုံးအတွက်
စကားအရာဖြင့် တောင်းပန်ခြင်း ဖာထေးခြင်းပြုရကောင်းမှန်းလည်းသတိမထားမိကြပေ။
၎င်းဆောင်းပါးနားထောင် နေစဉ်အတွင်းတွင် စာရေးသူတို့ ၂၀၀၆ ခုနစ်လောက်တုန်းက
အဖြစ်အပျက်ကိုသွားပြေးမြင်မိတယ်။ ၂၀၀၀၆ ခုနှစ်အစောပိုင်းတွင် ရှေ့ တန်းတစ်နေရာတွင် ရန်သူ ထောင်ထားသောမိုင်းတစ်လုံးကို နင်းမိသဖြင့် ခြေထောက်တွင် ဒဏ်ရာရသည့်အချိန် ကစပြောရမည်ထင်ပါသည်။ ဒဏ်ရာရရပြီးခြင်း ရဲဘော်လေးများနှင့် အထမ်းစင်ပြုလုပ်(၀ါးလုံးကို စောင်ကြားနှင့် တစ်ဖက် တစ်စချည်ပြီး လူနာကို ထမ်းသည့် အရာ) ပြီး ခလရ (၆၀) ကျောက်ကြီး
တပ်သို့ သယ်ဆောင်လာကြသည်။ ၄င်းတပ်သို့ ရောက်ရှိပြီး ဒဏ်ရာအား နောက်တစ်ကြိမ်ဆေး
ကြောပြီး ဒဏ်ရာအခြေအနေမှာစိုးရိမ်ရသဖြင့် တောင်ငူ စစ်ဆေးရုံသို့ ပို့  ဆောင်ခဲ့ သည်။
တောင်ငူ စစ်ဆေးရုံတွင်ညတွင်းချင်း ခွဲစိတ်ခန်းဝင်ပြီး ရန်ကုန် စစ်ဆေးရုံသို့ ပို့ မှသာလျှင် စိတ်ချ
ရမည်ဖြစ်သောကြောင့် ရန်ကုန်သို့ ပို့ ရန် နောက်တစ်နေ့ မနက်တွင်စီစဉ်လေတော့သည်။မိမိတို့ သည် တောင်ငူ ဘူတာ၌ရထားအားစောင့်ဆိုင်းနေစဉ်တွင် မိမိနှင့်အတူလိုက်ပါ မည့် သူများအား ဘေးဘီပတ်လည်ကြည့်လိုက်တော့  ရဲဘော် လေးများ ဆရာကြီးများ ဖြစ်ကြသည်။
မိမိနှင့်မတူသည့်အချက်မှာ ၄င်းတို့ ၏ ခြေထောက်များသည် မရှိကြတော့ ပေ။

မိမိ တစ်ယောက်သည်သာ ဖြတ်ရန်မဖြတ်ရန် မသေချာသေးသဖြင့် ယခုလို ရှိနေရခြင်းဖြစ်သည်။
မိမိတို့ စီးနှင်းရမည့်ရထားအားစုံးစမ်းကြည့်ရာ စာပို့  ရထားဖြစ်ပြီး ၄င်းရထားမှာလည်း သာစည်ဘူတာတွင် တွဲချော်နေသဖြင့် အချိန် အရမ်းနောက်ကျနေလေသည်။ စာရေးသူ၏ဖခင်မှာ
မြန်မာ့မီးရထားဝန်ထမ်း တစ်ဦးဖြစ်သည်ကတစ်ကြောင်း၎င်းထံတွင်ခွင့်တောင်းပြီး SE ရထားတွဲ ဖြင့် သူ၏သား မိမိ နှင့် စစ်သည် ၂၀ ဦးတို့ လိုက်ပါခွင့်ရရန်ကြိုးစားဆောင်ရွက်ပေးခဲ့ သည်။
သတ်မှတ်ထားသည်ရထား မဟုတ်ခြင်းစီးနင်းခွင့်ရရန်
လုပ်ဆောင်ရသည်မှာ အချိန်အနည်းငယ်သာရှိခြင်းတို့ ကြောင့်ခုံနေရာမရပေ။ဲ ခုံတန်းများအကြား လျှောက်လမ်းအတွင်းသာမိမိတို့ ကျောပိုးအိတ်လေးများချ၍ နေရာယူကြရသည်။ ရှေ့ တန်းတွင် နေထိုင်ခဲ့ 
ရသည်မှာ အစားအသောက်တောင် အနိုင်နိုင် ဖြစ်နေ့ သည်အတွက် မိမိတို့ ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာလည်း ပြောဖွယ်ရာမရှိ။ ထို့ အပြင် မိုင်းထိသည့် ဒဏ်ရာကြောင့် အသားအား မီးရှို့ 
ထားသလို့ မျိုး အနံ့ အသက်မှာလည်း ခန္ဒာကိုယ်တွင် စွဲနေသည်။ မိမိတို့ နေရာယူထားသည့် နံဘေး ထိုင်ခုံမှ ဦးလေးကြီးတစ်ဦးသည် မိမိ တို့ ကြောင့် ဖြစ်ပေါ်လာသည့် အနံ့ အသက်များကြောင့် နှာခေါင်းတရှုံရှုံဖြင့် မကြားတကြား မြည်တွန်တောက်တီးနေလေသည်။ ထိုအချိန်တွင် အင်အား တို့ နှင့်ဒေါသစိတ်တို့ မှာလည်း ဆုတ်ယုတ် ဒဏ်ရာ၏ ကိုက်ခဲမှုဒဏ်ကိုလည်းခံစားနေရသည်အတွက် ဘာမှ မပြောပဲနှင့်သာသည်းခံလိုက်ရသည်။
သို့ သော်စိတ်ထဲတွင်တော့ မကောင်း လှပေ။ မိမိတို့ နှင့် အတန်ငယ်ဝေးသည့် နေရာမှအမျိုးသမီး
တစ်ဦးထလာပြီးအန်ကယ် အဆင်မပြေရင်ကျွန်မနဲ့ နေရာချင်းလဲထိုင်မယ်လေ ဟုဆိုရာထိုလူကြီး လည်းနေရာချင်း လဲထိုင်လေသည်။ ထိုနောက် အမျိုးသမီးမှ “ မောင်လေး မသက်သာရင် အစ်မ
နေရာလာထိုင်ပါ ၊အစ်မအောက်ဆင်းထိုင်ပါမယ် ” ဟု ပြောရာဝမ်းနည်းဝမ်းသာဖြစ်ခဲ့ ရသည်။
ထိုနောက် ရထားလမ်းတစ်လျှောက် တွင် တရေးမှ မအိပ်ပဲ အားပေးစကားတွေပြော ပြီး အနာများအားယပ်တောင်ဖြင့်ခတ်ပေး နေလေသည်။ ရန်ကုန်ဘူတာကြီး ရောက်ခါနီးတွင် မောင်လေး ဘာမှအားမငယ်နဲ့  အားတင်းထားပါ အစ်မ အဖေ လည်း တိုက်ပွဲကျသွားတာပါ
မောင်လေးတို့ က ကံကောင်းပါတယ် ”ဟုအားပေးစကားပြောရင်း ယူနီဖောင်းအိတ်ကပ်လေးထဲ
သို့ မောင်လေးတို့ အဖွဲ့ အတွက်ဆိုပြီး တစ်ထောင်တန် များ ထည့်ပေးသွားလေသည်။
ရန်ကုန်ဘူတာကြီးရောက်ချိန်တွင် စာအိတ်များတင်သည့်လှည်းဖြင့် ဒဏ်ရာရ အရာရှိ၊စစ်သည်များအား သယ်ဆောင်လာရာ လူပေါင်းစုံရှိသော ဘူတာတွင် စိတ်ခံစားချက် အမျိုးမျိုးသော မျက်နှာများအား တွေ့ မြင်ခဲ့ ရသည်။ ဘူတာကြီး ရှေ့ ကား ရပ်နားသည်ဆင်ဝင်အောက်တွင် Ground sheet (စစ်မြေပြင်သုံး အခင်း) ကိုခင်းပြီး စစ်ဆေးရုံမှ
ကားအလာကိုစောင့်နေကြသည်။ ထိုအချိန်တွင် C-Plus ဗူးများအား လာပေးကြသလို့ ၊မိမိတို့ မြင်မှ နှာခေါင်းရှုံ့ ၍ ဝေးဝေးကရှောင်သွားကြသူများလည်းရှိကြသည်။
မြန်မာနိုင်ငံ လူဦးရေ ၏ ၁၂ ရာခိုင်နှူန်းသည်မသန်စွမ်းသူများ ဖြစ်ကြပြီး ၁၆ နစ်အောက် လူဦးရေအရေအတွက်မှာ ပိုမိုများပြားပါသည်။ လူတစ်ချိုသည့် မျက်မမြင်ဒုက္ခိတများအား ငကန်း၊
အကန်း၊ စကားမပြောနိုင်သူများအား ငအ ၊အ အ၊ ခြေထောက် လက်မကောင်းသူများကို အကျိုး၊
ထော့ကျိုး စသည့်ဖြင့် နောက်ပြောင်ခေါ်ဝေါ်နေကြလေသည်။ အပြင်လောကတွင် မသန်းစွမ်းသူများ တောင်းရမ်းစားသောက်နေကြသည် များလည်းရှိရာ တစ်ချို့ တစ်ချို့ သောသူများသည် ၄င်း တို့ ၏ မသန်စွမ်း ရသည်ကို အကြောင်းပြချက် ပေးကြသော်လည်း အဓိကမှာ မသန်စွမ်း ရသည်အကြောင်းနှင့် မသက်ဆိုင်ပဲ မိမိတို့ ၏စိတ်ဓါတ်နှင့်သာဆိုင် သည်ဟုထင်ပါသည်၊ ထိုအထဲအတွင်ကျွန်တော်တို့ သည်လည်း လူလောကတွင် လူဖြစ်လာပြီး သာမာန်လူများနှင့်တန်းတူ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းမရှိသော်လည်း ကျွန်တော်တို့ ၏ရည်မှန်းချက် စိတ်ဓါတ် ခံယူချက်များမှာ အမြဲတက်ကြွနေဖို့ လိုသည်။ ထိုအချိန်အခါမျိုးတွင်
ပတ်ဝန်းကျင်၏ အရောင်ခြယ်မှုတို့ ကြောင့်  စိတ်အနာတစ်ရများ မဖြစ်ကြစေရန် ရည်ရွယ်ပြီး
“ ကျွန်တော်တို့ သည် ဟာသ လုပ်စရာမဟုတ်ပါ”
--
10/3/14**11:00ဒယ်ဒီထက်ကြီး

No comments:

Post a Comment