(၁)
"မင်းကြီးများ"
"ဖျား"
"ငါ့ နန်းတော်တိုင် ပတ်ချာလည် ထုံးတွေ နဲ့ ဘယ်သူသုတ်သနည်း"
"ဘုန်းတော်ကြောင့် စုံစမ်းပါ့မည် ဖျား"
"အိမ်း ပြီးခဲ့တာ ရှိစေတော့ ကော်ပတ်စား သစ်စေးကိုင် ရွှေပိန်းပြန်ချ မှတ်ထားကြ
ထုံးသုတ်သူ လက် ငါကိုယ်တိုင် ဖြတ်ပစ်မည် ...အမိန့်တော် ...."
"သင့်မြတ်လှကြောင်းပါ ဖျား"
ဒန့်တန့်တန် ...
ကာလတွေ ရွေ့လျား မိုးကျ ၊ ဆောင်းကျ ၊နွေရောက်ပြန်တော့
ညီလာခံမှ ပြန်အထွက် ... လမ်းခုလတ်
"ဟယ် ... ခံတွင်းချဉ် သကွဲ့ ကွမ်း အစ် ဆက် ချေ "
"ယာ ပါ မည် ဖျား"
"တော်ချေ ကိုယ့်ဘာသာ ကိုယ် ယာချေမည်"
ကွမ်းရွက်ထုတ် သျှားဆေးသုတ် ထုံးသုတ် ကွမ်းသီးထဲ ဆေးရွက်ကြီး ပါးပါး ဖြူး ...
ပေးသောလက်ကို .... နီးရာ ကောက်သုတ် ရှလွဒ် ရှလွဒ်
နောက်တစ်နေ့
"မင်းကြီးများ"
"ဖျား"
"ငါ့ နန်းတော်တိုင် ထုံးတွေ နဲ့ ဘယ်သူသုတ်သနည်း"
"ဘုန်းတော်ကြောင့် စုံစမ်းပါ့မည် ဖျား"
"တယ် ... ခုလျှောက်ချေစမ်း"
"မ၀ံ့ကြောင်းပါ ဖျား "
" အလို အသူနည်း "
"ဘွရှင် မင်းတြားကြီး ပါဖျား"
"ဟမ် ..... ငါကိုယ်တော် ...ဟဲ့ ဥပဒေ မည်သို့ ရှိသနည်း"
"မှန်လှပါ ထုံးသုတ်လက် သန်လျက်နဲ့ ဖြတ် ဖြတ် ဖြတ် ...."
"ရွှတ် ............... " လက်ညှိုး မှ သွေးပန်း .... လျက်
"တယ် ... ငါကို က မေ့တာ "
"ဘုန်းတော်ကြောင့် ... မေ့တာပါဖျား"
******************************
(၂)
ဂါရ၀ ပြုချင်လို့
"No"
လက်ခံပေးပါခင်ဗျာ
"No"
ဘာအကျိုးမှ မမျှော်ကိုးပါဘူး။ဂါရ၀ပါ ခင်ဗျ။
"အင်း ... တန်ဖိုးကြီးကြီး လက်ခံဘူးနော်"
"စိတ်ချပါခင်ဗျ "
"ဘာများတုန်း ...ကွဲ့ "
"ဟိုလေ .. ဟိုဟာလေး ဒေါ်လာ နှစ်သိန်းတန် ကားလေး တစ်စီးပါ ဟီး ဟီး စီးစေချင်လို့ မေတ္တာနဲ့ ဂါရ၀ပါ ခင်ဗျ"
"ဘာ ... ဘာ... ဒီခေတ် ဒီအခါမှာ ငါ့ကို တံတွေးခွက်ထဲ ရောက်အောင် ပို့နေတာလား
ဟမ် ရှင်လျက်သေအောင် လုပ်နေတာလား ဟမ်"
"ဟာ ... စိတ်မဆိုးနဲ့ စိတ်မဆိုးပါနဲ့ ခင်ဗျ။ အလကား မပေးတော့ပါဘူး ၀ယ်ပေးပါ။
ဒစ်စကောင့် ချပေးပါ့မယ်"
"ဘယ်လို ဘယ်လို ဒစ်စကောင့် ချပေးမယ်။ဘယ်က ပိုက်ဆံနဲ့ရသလဲ ဗျူးကြမှ ခွေးဖြစ်မယ့် အပေါက်ကွ ... ပိုဆိုးတယ် ။"
"ဒီလိုပါ ကျွန်တော်တို့နဲ့လည်း အခင်အမင်မပျက်ရအောင် ဆရာသမားလည်း မထိခိုက်
အောင် ကျွန်တော်တို့ က အဲ့ဒီကားကို ဒေါ်လာ တစ်ရာနဲ့ ရောင်းပေးမယ်လေ"
"ဟေ "
" လက်ခံပေးပါ ခင်ဗျာ ။ ဂါရ၀ ပါ ခင်ဗျ "
"အိမ်း ...ေ အးအေး အေး ... အဲ့ဒါဆို ငါ နှစ်စီး ၀ယ်မကွာနော် "
"ခင်ညာာာာာာာာာ "
MgArkar
22/5/2014
No comments:
Post a Comment