မနေ့က မနက်က စစ်တက္ကသိုလ်တစ်ပတ်စဉ်ထဲ တက်လာတဲ့ သူငယ်ချင်းရဲ့ ညီငယ် ဆေးရုံတက်နေတဲ့ တာ လူနာစောင့် သူ့မိဘတွေ အတွက် လိုအပ်တဲ့ ရေနွေး ဓါတ်ဘူးသွားပေးရင်ပြန်အလာ
သားတော်မောင်ဖိုးပြည့်တို့ ပြန်ရောက်ပြီဆိုတော့ နေပြည်တော် ရေပူစမ်းဆိုတာကို သွားဖို့ ပြောထားတဲ့
ကိုကိုကိုမောင်နဲ့ အစ်မကအိမ်ရှေ့ မှာရောက်နေပြီ။
ကိုမျိုးမြင့်သိန်းတို့ မိသားစုလည်းပါတယ်။
သွားချင်သူက SEA Games ပိတ်ပွဲတုန်းက တီဗွီမှာ ခဏခဏ ပါတဲ့ ကိုအာကာအောင်။
ကိုမျိုးမြင့်သိန်း တို့ မိသားစုလည်း ပါတယ်ဆိုတော့ ... သေချာပြီ ကလေးက သုံးယောက်နဲ့
မောင်အာကာ နဲ့ တည့်တည့်တိုးပြီ။ သားတော်မောင်ကလည်း အဖိုးအဖွားဆီက ပြန်လာခါစဆို
တော့ စွာတေးလန်နေတယ်။ မမယွန်းကလည်း အသံမာမာတောင် ပြောလို့ မရ။ ချိုသာမှ။
မောင်ဘုန်းပြည့်လေးက သူ့မေမေမှ သူ့မေမေ။ကဲ လူများတော့ မောင်အာကာ နောက်ဖုံးက
လိုက်မယ်ဆိုပြီး နောက်ဖုံးဖွင့်ကာထိုင်တော့ ... ကလေး သုံးယောက်စလုံးက မောင်အာကာနဲ့
အတူတူ ထိုင်မတဲ့။ ကဲ စပါပြီ ဗျာ။ နောက်ဖုံးထဲမှာ ကလေးများနဲ့ ကျွန်တော်
... ရှေ့ က အစ်ကိုကြီးအစ်မကြီးများလည်း ကလေးတွေဆို ဒီမောင်နဲ့ ဆို
စိတ်ချပြီးသား။
စထွက်ခဲ့အဲ့ဒီ ခရီးလေးတစ်ခုကနေ တွေ့ခဲ့တာလေးတစ်ခုကိုပဲ
ပြောပြပါရစေ။
နီးမယ်မှတ်တဲ့ ခရီးက ရှည်လိုက်သမှဗျာ။ ခရီးရှည် တစ်ခု သွားတော့
လမ်းမှာခဏနားစဉ် အဲ့ဒီ ပဒူအုံ(အိမ်)ကိုတွေ့ပါတယ်။ စနစ်တကျ ဆောက်လုပ်ထားတဲ့
အသိုက်အအုံက ကွန်ဒိုတိုက်ခန်းတွေထက် သာနေသလားလို့ တွေးထင်မိပါတယ်။
အထပ် တစ်ဆယ့်သုံးထပ်ရှိပြီး တစ်ထပ်နဲ့ တစ်ထပ်ကြားက ဒေါက်တိုင်တွေကလည်း ခိုင်ခံ့နေပါ
သေးတယ်။သက်တမ်းအားဖြင့် မည်မျှကြာသည်ကို မသိပေမယ့် အဲ့ဒီ ပဒူအုံ ကို လက်ရှိပိုင်ဆိုင်
ထားသူထံမေးမြန်းစပ်စုကြည့် တဲ့ အခါ ...
"ကျွန်တော့်ဆီရောက်တာတော့ ၆ နှစ်ရှိပြီ။ အထပ်ပေါင်း ဆယ့်သုံးထပ်ရှိတယ်။ဒီတောထဲက ဒေသ
ခံတွေ ဆီကနေ ပြန်ဝယ်ထားတာ။သူတို့ အပြောအရတော့ ဒီပဒူတွေက တုတ်ထည့်လိုက်ရင်
အတော်အဆိပ်ပြင်းတာ။ခုလို သူတို့ နေခဲ့တဲ့ အုံက အတော်လည်း ရိုးရာအရ တန်ဖိုးရှိတယ် လို့
ပြောကြတယ်။"
ဘယ်လို့ တန်ဖိုးရှိတာလည်းဆိုတာကို ဆက်မေးကြည့်ပါတယ်။
"အဲ့ဒါက ဒီလိုဗျ။ အမှောင့် ပယောဂတစ်ခုခု က ကိုယ့်အိမ်ထဲကို ၀င်လာတယ်ဆိုပါတော့။ ဒီအုံကို
အိမ်ပေါက်ဝမှာ ချိန်ထားလိုက်ခြင်းအားဖြင့် အပေါက်တွေ များလွန်းလို့ ဘယ်က ၀င်ရမှန်းမသိပဲ
လှည့်ပြန်သွားရတယ်တဲ့။ပြီးတော့ ဒီ အနာပဆုပ်တို့ ကြံ့ ဗဟုံးတို့ ဆိုတာတွေကို လိမ်းပေးရင်
လည်း ပျောက်တယ်တဲ့ ...အစုံပါပဲ။ကျွန်တော်ကတော့ အထူးအဆန်းတွေဆို သဘောကျလို့
ဝယ်ထားလိုက်တာပဲ။သူတို့ ယုံကြည်ချက် နဲ့ ကိုယ်နဲ့က တိုက်ဆိုင်တာတွေတော့ မရှိပါဘူး။"
ဘယ်လောက်နဲ့ ပေးဝယ်ထားတာလဲ ဆိုတော့
"သူတို့က ခင်လို့ ပေးတာ ကျွန်တော်က ကြိုက်တော့ ရင်းနှီးမှု အရပေါ့ ကျွန်တော်ဆီက စားစရာ
သောက်စရာလေးတွေနဲ့ လဲလှယ်တဲ့ သဘောပါ။ဒါလည်း ရိုးရာတစ်ခုပဲလေ။ ပြီးတော့ ဒီ
အသိုက် ပိုင်ရှင် ပဒူတွေက အရမ်းအဆိပ်ပြင်းတာ ဟိုတလောက ဂျာနယ်ထဲမှာတောင်
ပါသေးတယ်လေ။
ရန်ကုန်မြို့လယ်မှာ ပဒူကိုက်လို့ ကွယ်လွန်သွားတဲ့ သတင်း။"
"ဟုတ်ကဲ့ ဖတ်လိုက်ရပါတယ်။"
ကျွန်တော်တို့ တောထဲ တောင်ထဲ နေခဲ့စဉ်တုန်းက ပဒူဆိုတာ မြေအောက်မှာပဲ နေတာလို့ အသိ
ရှိခဲ့ဖူးပါတယ်။ဘာလို့လည်း ဆိုတော့ ကျွန်တော့် ရဲဘော်ရဲဘက် တစ်ယောက်က မြေအောင်း ပဒူ အတုပ်ခံရတဲ့ အဖြစ်ဆိုးကို ကြုံခဲ့ဖူးတာကိုး။
ဒါပေမယ့် အခုလို အုံနဲ့ကျင်းနဲ့ အသိုက်နဲ့ စနစ်တကျ အပင်မှာ စုဖွဲ့တဲ့ ပဒူတွေလည်း ရှိတယ်
ဆိုတာ မနေ့က ခရီးတစ်ခုကနေ အသိတစ်ခု ရခဲ့ပါတယ်။
ပြီးတော့ သဘာဝ တိရစ္ဆာန်တွေရဲ့  ဆောက်လုပ်ရေး စနစ်နဲ့ စနစ်ကျမှုကိုလည်း တကယ်အံ့သြ
ခဲ့မိလေတော့ ပြန်လည် ဝေမျှ ရေးသား ဖော်ပြလိုက်ရပါတယ်။
26 December 2013
MgArkar


No comments:
Post a Comment